~ အမွန်းကြပ်ဆုံး ဟန်ဆောင်မှုတွေနဲ့
တိတ်တခိုးခံစားချက်တွေကို မျက်ကွယ်ပြုလို့
သူငယ်ချင်းဆိုတဲ့ စည်းတစ်ချောင်းအောက်မှာ
အိမ်မက်တွေကို ကန့်လန့်ကာချခဲ့ရသူက ... ငါပါ
တစ်ခါတစ်ခါ ...
ကြယ်မစုံတဲ့ ငါ့ဘဝရဲ့ဥာဥ့်ဆိုးအလယ်မှာ
လမင်းလေးကို ... ငါတစ်ယောက်တည်း
ပိုင်ဆိုင်ချင်မိတယ်...
အတ္တဆန်သွားလား ... သူငယ်ချင်း
ငါ့ရင်ထဲက ... အဖြူစင်ဆုံးနာကျင်ခြင်းတွေကို
နင်မှမဖတ်တတ်သေးတာ ...။
အလွမ်းသျှင်
Posted by အလွမ်းသျှင် ( ခံစားချက်ကဗျာလေးများရှင်သန်ရာ)
No comments:
Post a Comment